Tuesday, December 27, 2011

တကယ့်ငြိမ်းချမ်းရေးကိုလိုချင်လို့ ကရင့် အမျိုးသားခေါင်းဆောင် စောဘဦးကြီးက လူမျိုးကြီးလမ်းစဉ်ကို ဆွဲကိုင်ထားတဲ့ ၀ါဒီအင်အားစုတွေနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး.. ဒီသမိုင်းဟာ ဟောင်းနေပြီး ဒီအချိန်မှာ ပြန်ပြောရင်အပိုပဲလို့ ထင်ကောင်းထင်ကြမယ်. တကယ်တော့ မဟာဝါဒီတွေ ပေးတဲ့ အတုအယောင် ငြိမ်းချမ်းရေးထက် ကြောက်စရာကောင်းတဲ့  တိုက်ကွက်တွေကို တိုင်းရင်းသား အင်အားစုများ မမြင်လို့ ခုချိန်ထိ အလူးအလဲ ခံနေရဆဲပဲ..
နိုင်ငံတနိုင်ငံထဲမှာ ရှိတဲ့ လူမျိုးတိုင်းဟာ အားလုံးတန်းတူ အခွင့်အရေးတွေ တဦးနှင့်တဦးပေးချင်တဲ့ စိတ်ဓါတ် နှင့် နွေးထွေးတဲ့မေတ္တာ အကြင်နာတရား များရှိခဲ့ရင် ငါတို့ နိုင်ငံဟာ ပြည်တွင်းစစ် ဒီလောက်အကြာကြီး ဖြစ်စရာအကြောင်းမရှိဘူး.. လူတဦးတယောက် ဒါမှမဟုတ် လူမျိုးတမျိုးကြောင့် ယခုထိ  လှပလာမဲ့ ငါတို့နိုင်ငံရဲ့ အနာဂဟာ ပျောက်ဆုံးနေဆဲပဲ..

ခင်ညွန့်ရဲ့ အတုအယောင်ငြိမ်းချမ်းရေး ထိုးနှက်ချက်များ

သဘောထားမမှန်တဲ့ ရန်သူရဲ့ ကမ်းလှမ်းချက်ကို အမြဲတမ်း လက်ခံခဲ့တဲ့ တိုင်းရင်းသား အတိုက်အခံ အင်အားစုများကို ကျွန်တော် နားမလည်နိုင်ပါ.. စေတနာမမှန်မှန်း သိပါရဲ သို့သော် အားနာတာလား ကြောက်တာလား သို့မဟုတ် ၀ါဒီအုပ်စုတွေပေးလာမဲ့ အခွင့်အရေးကိုလိုချင်လို့ လက်ခံကြတာလားဆိုတာ သဘောမပေါက်ပါ နားမလည်ပါ.
မှတ်မိသလောက်တော့ ခင်ညွန့်ငြိမ်းချမ်းရေး မကမ်းလှမ်းခင် ကာလတခုအတွင်းမှာပေါ့ ငါတို့ တော်လှန်ရေး ကရင်နယ်ထဲကို ရောက်လာကြတဲ့ သစ်ပွဲစားတွေ ကျောက်ပွဲစားတွေ ရွေပွဲစားတွေ မရေမတွက်နိုင်အောင်ပါပဲ. သူတို့က သစ်တွေလုပ်မဲ့ ကျောက်တွေ ရွှေတွေတူးမယ် အခွန်တွေ တောင်းသလောက်ပေးမယ်ဆိုတဲ့ မက်လုံးစကားကြောင့် သက်ဆိုင်တဲ့ တော်လှန်ရေးခေါင်းဆောင်များက ခွင့်ပြုလိုက်တယ်.. ဒါပေမဲ့ အဲဒီပွဲစားတွေထဲမှာ အဆင့်မြင့်ထောက်လှမ်းရေးတွေ ပါနေတာကို ငါတို့ လူကြီးတွေ မမြင်ဘူး..  ငွေတခုတည်းကိုသာ မြင်နေတဲ့ သက်ဆိုင်ရာလူကြီးတို့ရဲ့ အတွေးအခေါ်ဟာ အ၇မ်းမှားနေမှန်းသိလိုက်ရတဲ့ အချိန်မှာ ဘာတခုမှ ပြန်ပြီး ပြင်ဆင်ယူလို့မရတော့ဘူး..
ဒီအချိန်မှာ ခင်ညွန့်က ဖူးဗိုလ်ချုပ်မြ နှင့် ငြိမ်းချမ်းရေး လုပ်ဖို့စကားကမ်းလှမ်းတဲ့ အချိန်ပေါ့.. တချိန်တည်းမှာပဲ ကရင့် တပ်မဟာနယ်မြေ အသီးသီးမှာရောက်နေတဲ့ စောစောက ထောက်လှမ်းရေးပွဲစားများက စည်းရုံးရေးတွေ စတော့တာပဲ သူတို့က ကဲကြားလား မင်းတို့ ဗဟိုခေါင်းဆောင်တွေ ငြိမ်းချမ်းရေး လုပ်တော့မယ် မင်းတို့လဲ ပြည်တွင်းက ဗျူဟာမှူး တိုင်းမှူးတွေနဲ့ ဆက်သွယ်ချင်တယ်ဆိုရင် ငါတို့ ဆက်သွယ်ပေးမယ် ဘာညာပေါ့ဗျာ.. အချိန်တိုအတွင်းမှာ ငါတို့ စစ်အင်အား နယ်မြေအနေအထား နှင့် ငါတို့ရဲ့ တကယ့်နဂိုမျိုးချစ်စိတ်ဓါတ်ကို ကောင်းကောင်းလေးကို ရိုက်ချိုးသွားနိုင်ခဲ့တယ်.. ဒီထက်ပိုဆိုးတာက ငါတို့ တော်လှန်ရေး စခန်းအနေအထားကို အားလုံး သိသွားလို့ပါပဲ..

ရန်သူနှင့်မဆွးနွေးခင်တိုက်ခိုက်ရေးမှာထူးချွန်ပေမဲ့နိုင်ငံရေးအတွေးအခေါ်အားနည်း နေတဲ့ သင့်ရဲ့ရဘော်၇ဲဘက်များရဲ့ အမြင်ကို တီးခေါက်ပြီးမှလုပ်ပါ

တခါတလေ တော်လှန်ရေးကာလမှာ အချိန်းအဆက် ထိထိမိမိမလုပ်နိုင်ခြင်း ရင်းရင်းနှီးနှီး ဆွေးနွေးမှူ ပွင့်ပွင့်လင်းလင်းဆွေးနွေးမှူမလုပ်နိုင်တာကလဲ အဖွဲ့အစည်းတခုလုံးကို ထိခိုင်နိုင်တာကို ထောက်ပြ ချင်ပါတယ်. ဖူးဗိုလ်ချုပ်မြ ခင်ညွန့်နှင့် ဆွေးနွေးပွဲသွားလုပ်ပြီးတော့ အထူးသဖြင့် ဗဟိုနှင့် အလှမ်းဝေးတဲ့ တပ်မဟာ ၂ လို အခြေအနေမျိုးဆိုရင် တကယ့်ကို ထိန်းလို့မရအောင်ဖြစ်နေတယ်.. ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တိုက်ခိုက်ရေးမှာ အားသန်ပြီး နိုင်ငံရေးအတွေးအခေါ်ဘက်မှာ အားနည်းလို့ ဖြစ်ရတာပါ ပြီးတော့ သူတို့ရဲ့အတွေးထဲမှာ တနေ့နေ့မှာ ငါတို့ဗဟိုလူကြီးတွေ ငြိမ်းချမ်းရေးပြန်လုပ်ကြမှာပဲဆိုတဲ့အတွေးကို စောစောက ခင်ညွန်းလွတ်လိုက်တဲ့ ထောက်လှမ်းရေးပွဲစားတွေက ကောင်းကောင်းလေး ရိုက်သွင်းပေးသွားခဲ့တယ်.. တခြားတပ်မဟာလဲ အားလုံးလိုလို ဖရိုပရဲတွေဖြစ်ကုန်ကြတယ်.. သူတို့ တဖွဲ့ပြီးတဖွဲ့ အတုအယောင်ငြိမ်းချမ်းရေးကို ပြန်လုပ်ခဲ့ကြတယ်..
အချိန်းအဆက်မမိဘူး နွေးနွေးထွေးထွေးဆွေးနွေးမှူတွေ မလုပ်နိုင်ကြဘူးဆိုရင် ဗဒိုအောင်ဆန်းလို ဖူးထိန်မောင်လို သဘောထားတွေကွဲပြိးရင် ကွဲကြမှာပဲ.. တော်လှန်ရေးကာလမှာ ငါကဗိုလ်ကြီး နင်ကရဲဘော်.. သူက တော်လှန်ရေးလုပ်တာ နှစ် လေးဆယ် ကြာပြီး ဒါပေမဲ့ သူက အခုမှ တော်လှန်ရေး စလုပ်တယ် ဆိုတဲ့ စိတ်ဓါတ်မျိုးရှိနေရင်တော့ ၇င်လေးစရာပဲ. က၇င့်အမျိုးသား ကိုယ်ပိုင်လွတ်မြောက်ရေးအတွက် လူတဦးတယောက်ရဲ့လုပ်အားနှင့် မတိုင်းကြပါနှင့်. အားလုံး လုပ်အားနှင့် တိုင်းတတ်အောင် ကြိုးစားစေချင်ပါတယ်..
 ငြိမ်းချမ်းရေးဆိုတာ လူတိုင်းလိုချင်ကြတယ် ငြိမ်းရချမ်းရေးအတွက်ဆိုရင် ဘယ်သူနဲပဲ ဆွေးနွေးဆွေးနွေး နည်းလမ်းမှန်ဖို့ ပြီးတော့ သဘောထားမှန်ကန်သော လူတွေနဲ့ဆွေးနွေးဖို့လိုတယ်.. ကရင့် သမိုင်း ကရင့်နိုင်ငံရေး အရှုပ်အထွေးတွေဟာ ကရင့်တမျိုးသားလုံးနှင့်ဆိုင်တယ်.. အတုအယောင်ငြိမ်းချမ်းရေး ယုံစားမိခဲ့လို့ ကရင့်တော်လှန်ရေး အကွဲအပြဲဟာ ခုထိ ပြန်ပြီး ပြုပြည်လို့ မရသေးဘူးဆိုတာ သိကြပါ နားလည်ကြပါ..

နည်းလမ်းသစ်များရှာသင့်ပြီး

တော်လှန်ရေးစပြီးကတည်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး KNU နှင့် ၀ါဒီအုပ်စုတွေ ဆွေးနွေးခဲ့ကြတာ အကြိမ်းပေါင်းမနည်းတော့ဘူး.. ဘာမှဖြစ်မလာသည့်အပြင် ငါတို့ရဲ့ ကွဲလွဲတဲ့ ထင်မြင်ယူဆချက်တွေပြို့ပီး တိုးလာစေခဲ့တယ်.. ပြည်တွင်းစစ်ကို စဖန်တီးတဲ့ လူမျိုးတမျိုးရဲ့ စိတ်ဓါတ် သဘောထား စေတနာ မပြောင်းမချင်း ငြိမ်းချမ်းရေး နောက်ထပ်ဘယ်နှစ်ကြိမ်ပဲ လုပ်လုပ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး.. ဒါကြောင့် ဒီနည်းလမ်းကို မသုံးပဲ တခြားလမ်းစဉ်ကို စဉ်းစားရှာကြဖို့လိုပါတယ်… ငြိမ်းချမ်းရေး ဒါမှမဟုတ် အပြစ်အခတ်ရပ်စဲရေး လုပ်ပြီး ငါတို့လူထုကို ဆက်ပြီး အဏာရှင်ဝါဒီ အုပ်စုက ဆက်ပြီး အနိုင်ကျင့်စော်ကားနေမယ်ဆိုရင် ကျွန်နော်တို့ KNU အပေါ် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှူနှင့် မျှော်လင့်ချက်များ လျော့ပါးသွားနိုင်ကြောင့် ကျွန်တော်အမြင်ကို တင်ပြရခြင်းဖြစ်ပါသည်..

Zeal or Overran.

Wednesday, November 23, 2011